<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d8146522117768614472\x26blogName\x3dHtoo+Myat\x27s+short+stories\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://htoomyat-shortstories.blogspot.com/search\x26blogLocale\x3den\x26v\x3d2\x26homepageUrl\x3dhttp://htoomyat-shortstories.blogspot.com/\x26vt\x3d2159661767791859916', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

သေလူ၏ နိုးထခြင်း

March 10, 2008




ပြုတ်ကျတာ တော်တော်တော့ နာတယ်။ ဒါပေမဲ့ ဒါ့ထက် ပိုနာရမယ်လို့ ခန့်မှန်းထားတာ၊ နောက်ပြီး တင်ပါးက နာမယ်လို့ မတွေးမိဘူး။ တကယ်က လည်ပင်းဆီကနေ အဆစ်ပြုတ်သွားရမှာ။ အခုတော့ ကန်ထုတ်ထားတဲ့ ခုံက အနားမှာ... ကြိုးတစ်ပိုင်းက အပေါ် ထုပ်တန်းမှာ၊ နောက်တစ်ပိုင်းက ငါ့လည်ပင်းမှာ၊ ကြမ်းပြင် ပေါ်မှာတော့ ငါပေါ့။

ပုံမှန် လူတစ်ဦးဆို ကိုယ့်ဟာကိုယ် သိပ်ဝမ်းသာမိမှာပဲ။ ဘယ်တုန်းကမှ မရှိခဲ့သော ဘုရားဆိုသူတွေ ဆီကိုတောင် သူတို့ ကျေးဇူးတော်ကြောင့်လို့ မဆီမဆိုင် ၀င်ကျေးဇူးတင်မိဦးမယ်။ ဒါပေမဲ့ ငါကျတော့ သေချင်သူ ဖြစ်တဲ့အတွက် ကယ်ဆယ်ခဲ့သူတွေ ရှိရင်တောင် သူတို့ကို ဖက်ရင်း အတူတူ သေချင်စိတ်ပေါက်တယ်။

တစ်မိနစ်လောက် ငြိမ်ငြိမ် ထိုင်နေမိရင်း ငါ မျက်ရည်တွေ စီးကျလာတယ်။ အိတ်ကပ်ထဲ ပြန်စမ်းကြည့်တော့ ငါ့ကို လွတ်ငြိမ်းရာကို သွားဖို့ တိုက်တွန်းခဲ့တဲ့ ဆေးလုံးလေးတွေကို ပြန်စမ်းမိတယ်။ အိတ်ကို ဖွင့်မိသားပဲ၊ နောက်တော့ ပြန်ပိတ်ပြီး ရင်ဘတ်ထဲ ပြန်ထည့်လိုက်တယ်။ ခုဏက ပုရွက်ဆိတ်ကလေးကို ပင့်ကူကြီးလောက် မြင်တယ်။ အခုတော့ ဒါကို ပုရွက်ဆိတ်မှန်း ငါ သိခဲ့ပြီ။

ငါ စာမေးပွဲလည်း ကျခဲ့ပြီးပြီ၊ ချစ်သူလည်း ငါ့ကို ပစ်သွားခဲ့ပြီ၊ အိမ်ပေါ်က ဆင်းလာတုန်းက သေတ္တာထဲက ယူခဲ့တဲ့ ငွေတွေလည်း အကုန်ကုန်ပြီ၊ ငါ့နာရီလည်း ငါ့လက်မှာ မရှိတော့၊ ကျန်တာက ငါ့ကိုယ်ထဲမှာ ဆေးပြားလေးတွေ၊ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ရန်ဖြစ်ထားတဲ့ ဒါဏ်ရာတွေ၊ ပိုဆိုးတာက အဖေက ငါ့ကို ရဲတိုင်ထားတယ်တဲ့...

လိုချင်တာ ရခဲ့တဲ့ ငါ့ဘ၀မှာ လောလောဆယ် ဒီဆေးပြားလေးတွေ မှန်မှန်သုံးဖို့ထက် ဘာမှ မလိုချင်တော့တာ အမှန်ပါ။ ဘောင်းဘီအိတ်ထဲက ဇွန်းကို စမ်းမိတော့ ပြုတ်ကျထားတဲ့ မီးခြစ်လေးကို ပြန်ကောက်မိတယ်။ ဆေးတစ်ပြားကို လဖက်ရည်ဇွန်းထဲ ထည့်လိုက်တယ်။ မီးခြစ်မလို့ လုပ်ပြီး ငါ မခြစ်ဖြစ်ဘူး။ အပြင်မှာတော့ ပုဇဉ်းရင်ကွဲ အသံတွေ ပိုပို ဆူညံလာခဲ့တယ်။

သူ့ကို ငါ ပြန်ပြန်မြင်လာတယ်။ ငါ့ဆီက ပိုက်ဆံတွေဟာ သူ့ဆီကို ဈေးဝယ်ရင်း မသိမသာ စီးဝင်သွားခဲ့တယ်။ သူ ငါ့ကို တကယ်ချစ်ခဲ့တာ မဟုတ်ဘူး။ တခါတလေ အတူအိပ်ရတာလေးနဲ့ ငါလည်း သူ့ကို စွဲလမ်းနေမိတာပဲ။ အခုတော့ ပြတ်ပြီ။ ငါ ၀မ်းမနည်းသင့်ဘူး။ ငါပေးခဲ့တဲ့ လော့ကက်တွေ၊ ဖုန်းတွေ၊ အ၀တ်အစားတွေဟာ မင်းကိုငါ အိပ်ခဲ့တာနဲ့ ကျေခဲ့ပြီ မိမာယာ...

ငါ့အဖေဟာ ဂုဏ်ပဲ လိုချင်ခဲ့တာပဲ။ ငါ အခု ဆယ်တန်းလေး အောင်အောင်ဖြေပေးလိုက်ရင် အဆင်ပြေမှာပဲ။ အမေလည်း ငါ့ကို သတိရနေလောက်ပြီ။ အဖေ့ကို ငါ တောင်းပန်လိုက်ရင် အဆင်ပြေမှာပါ။ အဖိုးကြီးက အောက်နေပြီဖြစ်ပေမဲ့ ငါ့ကိုတော့ သူ့ ပိုက်ဆံထက် ပိုချစ်လောက်ပါတယ်။ ဝေးဝေးကနေ ခွေးတစ်ကောင်က ဆွဲဆွဲငင်ငင် အူလိုက်တယ်။ ငါ့ဘ၀ဟာလည်း ခွေးလိုပဲ ထိုင်ထိုင်အူနေဖို့သာ ကောင်းတော့တယ်။

လမ်းဘေးမှာတော့ ခွေးသေ၀က်သေ အသေမခံဘူး။ ငါဟာ တစ်ခုခုတော့ ဖြစ်မှာပဲ။ ငါ ယုံတယ်။ ငါ သီချင်း ဆိုမယ်။ ငါ အောင်မြင်မယ်။ မင်းထက်သာတဲ့ ရည်းစားထားပြမယ် မိမာယာ၊ လောလောဆယ်တော့ ငါ ဒီဆေးကို ဖြတ်မယ်။ မင်းကိုလည်း ဖြတ်မယ်၊ ဆေးကိုလည်း ဖြတ်မယ်၊ ဟုတ်ပြီ။ ငါ အခု အိမ်ပြန်မယ်။ ဒီဆေးတွေ ငါဖြတ်ပစ်မယ်။ သွားမယ်။ နောက်ဖေး ပေါက်ကို အမေ ဖွင့်ထားပေးမှာပဲ။ ငါပြန်မယ်။

ကားဂိုဒေါင် တံခါးကို ဖွင့်လိုက်တော့ ည သိပ်နက်နေတာကို တွေ့ရတယ်။ လမ်းလျှောက်ပြန်ရတာ ဝေးသလိုပဲ။ ငါ ပြေးခဲ့တယ်။ ဒါဏ်ရာတွေနဲ့မို့ ရိုင်ထိုးရိုင်ထိုး ဖြစ်နေတယ်။ ဟောင်နေတဲ့ ခွေးတွေနား ရောက်ရင် လမ်းလျှောက်လိုက်... ဓါတ်တိုင်တွေနား ရောက်ရင် ပြေးလိုက်နဲ့...

ခြံနောက်ကနေ ၀င်လာတော့ အချုပ်ခံလိုက်ရတယ်။ ညီလေး စခန်းကို ခဏလောက် လိုက်ခဲ့ပါ ဆိုတာပဲလား... အိပ်မက်တွေ မီးလောင်ကုန်တယ်၊ တ၀က်က အရည်ပျော်တယ်၊ တစ်ဝက်က အငွေ့ပျံသွားတယ်။ သေချာတာကတော့ ရှိစုမဲ့စု အားလုံး ဆုံးရှုံးကုန်တယ်။ အိတ်ထဲက ဆေးထုပ်ကို လွှင့်ပစ်ဖို့ လက်ကို ဆန့်ထုတ်လိုက်ပေမဲ့ မမီတော့ဘူး။ အမေတို့ အိပ်ခန်းမှာ မီးမှောင် ချထားလျက်နဲ့ ခန်းဆီးနောက်မှာ ခပ်မှုန်မှုန် အရိပ်တစ်ခု တွေ့တယ်။ အမေ ငိုနေလား... ကျနော်လည်း ငိုနေပါတယ်အမေ။

Labels:

posted by Htoo Myat
3/10/2008

1 Comments:

Blogger DoS_X86 said...

Hey..
I like this.
ဘာမှမဆိုင်တဲ့ စာပေစိစစ်ရေးက ဖြတ်တောက်တာတွေ ဖတ်ရတာများနေတော့... ဒီ ၀တ္ထုတိုလေးဖတ်လိုက်ရတာ တကယ့်ဘ၀ရသတစ်ခုကို ခံစားရစေပါတယ်..

ကျေးဇူး..

April 5, 2008 at 3:00 PM  

Post a Comment

<< Home